Skip to content

About of Zin Naung Naung thet

Zin Naung Naung Thet

ကိုယ်ရေးအကျဉ်း

ဇင်နောင်နောင်သက် ကို (၂.၇.၂၀၀၀) တွင် ပဲခူးတိုင်းဒေသကြီး၊ ဘုရားကြီးမြို့ ဦးခင်သက် နှင့် ဒေါ်သဇင်နီ တို့မှမွေးဖွားခဲ့သည်။

ဘဝအစပိုင်း

၂၀၁၅ ခုနှစ် ကျောင်းမှထွက်ခဲ့ပြီး မိဘများ၏ အုပ်ထိန်းမှုကြောင့် ဝါသနာမပါသော အလုပ်များကို ဆက်တိုက်ဆိုသလို လုပ်ခဲ့ရသည်။ ၎င်းအလုပ်များမှာ ကားပြင်သည့်ဝပ်ရှော့ခ်၊ ကားအပိုပစ္စည်းအရောင်းဆိုင်၊ ကွမ်းယာဆိုင်များမှာလုပ်ကိုင်ဖူးသည်။ ၂၀၁၉ အစတွင် မွေးချင်းထဲမှ အကြီးဆုံးအစ်မဖြစ်သူ ဒေါ်ဇင်မာသက် နှင့် ဖခင်ဖြစ်သူတို့မှ မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့ရှိ ဒုတိယမြောက်သားဖြစ်သူ ကိုဇင်မောင်မောင်သက်ထံ အလုပ်လုပ်ရန် ပို့ဆောင်ခဲ့သည်။ သူ့ကိုအများဆုံး အဓိက ပံ့ပိုးပေးတာကတော့ တတိယမြောက်သမီးဖြစ်သူ ဒေါ်ဇင်မီမီသက်ဖြစ်ပါတယ်။ သူ၏ ကျေးဇူးကြောင့် ၂၀၂၀ ခုနှစ်တွင် ရန်ကုန် ၃၉လမ်း (အလယ်ဘလောက်) Big Icon တွင် ဖုန်းပြုပြင်နည်းသင်တန်းကို တက်ရောက်ခဲ့သည်။ ကိုဗစ် ၁၉ ပထမလှိုင်း၊ ဒုတိယလှိုင်း တို့ကြောင့် သင်တန်းအားယာယီပိတ်ရင်းမှ ဆုံးခန်းတိုင်အောင် မတက်ဖြစ်တော့သူပါ။ ထို့ကြောင့်သူသည် ယခင်ထဲက စိတ်ပါဝင်စားနေခဲ့သော ပရိုဂရမ်းမင်း (Programming) ကို အသေးစိတ်သေချာလေ့လာခဲ့သည်။ ၎င်းအချိန်မတိုင်ခင်က မတက်မတက်ခေါက်နဲ့ ရေးသားဖန်တီးခဲ့သော မိုဘိုင်းလမ်းညွှန်၊ ဖေ့ဘုတ်လမ်းညွှန်၊ ဗိုင်ဘာလမ်းညွှန်၊ ဗွီကေလမ်းညွှန်၊ ဘလော့ဂါလမ်းညွှန်၊ စသော လမ်းညွှန် app များကို ဖန်တီးပြီး မြန်မာနိုင်ငံတွင် Netso (နတ်ဆိုး နည်းပညာ) ဟုနာမည်ကြီးလာခဲ့သူဖြစ်သည်။ အပတ်စဉ်ထုတ်ဝေသော အင်တာနက်ဂျာနယ် (Internet Jornery) တွင်လည်း ဒီအပတ်ရဲ့ အကောင်းဆုံး app ဟုထည့်သွင်းခံရသည်။ နောက်ပိုင်းတွင် Myanmar Islamic program app ကို မြန်မာဘာသာ 100% ဖြင့်အသုံးပြုနိုင်အောင်ဖန်တီးပေးခဲ့ပြီး အစ္စလာမ်အသိုင်းအဝိုင်းတွင်လည်း သူ၏ app က လူသိများလာပါတယ်၊ သို့ပေမယ့် တိုက်ခိုက်ခံရမှုများစွာရှိပေမယ့် အောင်မြင်အောင်ဆက်လက်ကြိုးစားသွားသူပါ။

သူ၏ပရိုဂရမ်မင်းစကေး
HTML / CSS100
Java100
Javascript100
Python92
PHP98
C++87
C#96
Dart99
Others75
ကိုးကွယ်သည့်ဘာသာ

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတွင်နေထိုင်သော Generation Z (လူငယ်) အစ္စလာမ်ဘာသာဝင်၊ စွန္နီ မွတ်စလင်(မ်) ဖြစ်ပါတယ်။ ဘာသာရေးပိုင်းကိုအထောက်အကူပြုအောင် အမျိုးမျိုး ပံ့ပိုးနေသော လူငယ်ဖြစ်ပါသည်။

ပညာအရည်ချင်း

၂၀၁၄ ခုနှစ်တွင် ၈တန်း ကိုကျရှုံးခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် ပြန်လည်တက်ရောက်ခဲ့သူလည်းဖြစ်သည်။ ကံမကောင်းစွာဖြင့် ၂၀၁၅ ခုနှစ်တွင်လည်း မအောင်ခဲ့ပေ။ ပညာအရည်ချင်းမှာ ၈တန်းထိသာ တက်ခဲ့သူဖြစ်သည်။

အလုပ်အကိုင်

ဝါသနာပါဝင်သော ပညာရပ်ဖြင့် အန်းထရိုက်အက်ပလီကေးရှင်း၊ ဝဘ်အက်ပလီကေးရှင်း များဖန်တီးခြင်း အလုပ်ကို ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်း မှစတင်ပြီး ယခုချိန်ထိ သေချာစွာလုပ်နိုင်ခဲ့သည်။